Main Menu
  • မူလစာမျက်နှာ
  • ထေရုပ္ပတ္တိအကျဉ်း
  • တရားတော်အသံဖိုင်များ
  • တရားတော်ရုပ်သံဖိုင်များ
  • ဓမ္မစာအုပ်များ
  • တရားတော်စာမူများ
  • တရားတော်မှတ်စုတိုများ
  • ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
  • မှတ်တမ်းဓာတ်ပုံများ
  • ရေးသားမျှဝေမှုများ(ဝင်းမြင့်)
  • Forum
Hosting Donated By
dnthitsartayar
ကျန်းမာအေးမြကြပါစေ

ဦးစိုင်းမွန်းနှင့် ဆွေးနွေးမှု

Name: ဦးစိုင်းမွန်း

ဦးဝင်းမြင့်ခင်ဗျာဦးဝင်းမြင့်ရဲ့ နက်နဲခက်ခဲတဲ့ အသိတွေကို ကျွန်တော် အများကြီးလေးစားပါတယ် ဦးဝင်းမြင့်ကိုကျော်ပြီးဆရာလုပ်နိုင်တဲ့ အရည်အချင်းကျွန်တော့မှာမရှိပါဘူးခင်ဗျားဒါပေမဲ့ ကျနော် ဒီထဲမှာ ဖတ်လိုက်ရတာကဦးဝင်းမြင့်ပေးတဲ့ဥပမာလေးမှာပေါ့ ၀က်သားနဲ့ လောက်နဲ့ ဥပမာပေးထားတဲ့ဟာလေးကို ဂနာနို့ဆွမ်း ချက်တဲ့နွားနို့နဲ့ဥပမာပေးမယ်ဆိုရင် ပိုပြီး သင့်လျော်မယ်လို့ ကျနော်ယူဆမိပါတယ် နွားမ ငါးရာကနို့်ကိုယူပြီး ၂၅၀ ကိုတိုက်ကျွေး ပြီးတော့ ၂၅၀ ထဲကနို့်ကိုယူပြီး ထက်ဝက်စီလျော့ပြီး နောက်ဆုံးကျန်တဲ့တစ်ကောင်ကရတဲ့ အင်မတန်မှ သြဇာဓါတ်ပြည့်ဝတဲ့နွားနို့ ဖြစ်လာတဲ့အကြောင်းလေးဆိုရင် အင်မတန်မှမွန်မြတ်လှတဲ့တရားနဲ့ ပိုမိုသင့်လျော်မယ်လို့ ယူဆမိလို့ကျနော်ရေးလိုက်ရခြင်းဖြစ်ပါတယ်ကြည်ညိုစရာကောင်းလှတဲ့တရားကို လိုက်ဖက်တဲ့ ဥပမာလေးနဲ့ဆိုရင် အတိုင်းထက်အလွန်ဖြစ်လာလိမ့်မယ်လို့ယူဆမိတဲ့စေတနာနဲ့ပါခင်ဗျာရေးမိတာကိုခွင့်လွှတ်စေလိုပါတယ်…

ဦးစိုင်းမွန်းအား အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား.. ကျွန်တော် အလုပ်ကြားညှပ်သွားလို့ ပြန်စာနောက်ကျသွားတာကို ခွင့်လွှတ်ပါခင်ဗျား… ဦးစိုင်းမွန်း ပေးတဲ့ ” နွားမငါးရာကနို့်ကိုယူပြီး ၂၅၀ ကိုတိုက်ကျွေး ပြီးတော့ ၂၅၀ ထဲကနို့်ကိုယူပြီး ထက်ဝက်စီလျော့ပြီး နောက်ဆုံး ကျန်တဲ့တစ်ကောင်ကရတဲ့ အင်မတန်မှ သြဇာဓါတ်ပြည့်ဝတဲ့နွားနို့ဖြစ်လာတဲ့အကြောင်းလေးဆိုရင် အင်မတန်မှမွန်မြတ်လှတဲ့တရားနဲ့ ပိုမိုသင့်လျော်မယ်လို့” ယူဆချက် အပေါ်မှာ ကျွန်တော်လေးစားစွာလက်ခံပါတယ်။ ဦးစိုင်းမွန်းက နောက်ထပ် ဥပမာတစ်ခုနဲ့ ဖော်ပြပေးလိုက်တော့ ပိုပြီးတော့ ထင်ရှားသွားပါတယ်ခင်ဗျား… ဒီ ဥပမာကို ဦးစိုင်းမွန်း ဖော်ပြလိုက်ပြီဆိုကတည်းက ဦးစိုင်းမွန်းသည် ကျွန်တော်ပေးခဲ့သော ဥပမာကို ကောင်းစွာ သဘောက်ပေါက်ထင်ရှားကြောင်းကို သက်သေပြလိုက်တာပါပဲ။ ဒီတော့လည်း ကျွန်တော်အများကြီး ဝမ်းမြောက်ပါတယ်ခင်ဗျား… ကျွန်တော်လည်း စာရေးနေရင်းဖြင့် ခေါင်းထဲကက လျှပ်တစ်ပျက်ထွက်လာတဲ့ ဥပမာဖြင့်ထင်ရှားအောင် ပေးရင်းပေးရင်းနဲ့ နောက်ဆုံးတော့ လောက်တစ်ကောင်နဲ့ မွန်မြတ်တဲ့တရားကို ပမာပေးထားသလိုဖြစ်နေတော့ ဖတ်သူတော့ တစ်မျိုးဖြစ်တော့မှာပဲလေ ဆိုပြီးတော့ ရေးရင်း ဖြစ်သွားခဲ့ပါတယ်။ အင်..ဒါနဲ့ ပမာပေးတာပေးလေ.. ပမာနှိုင်းတာမှ မဟုတ်ဘဲ ဆိုပြီးတော့ မပြင်တော့ဘဲ ရေးလိုက်တာပါ။ အခုပဲ စကားက လွှတ်ခနဲ ထွက်သွားမိပြီ… ထွက်သွားတဲ့စကားကိုတော့ ရှင်းပြရတော့မယ်ဗျ…

ဒီနေရာမှာ ပမာပေး ဆိုတဲ့ စကားလုံးက သဘောတရားအားဖြင့် အလေးပေးပြောတဲ့ဖက်ကို သက်ဝင်ပါတယ်… ဥပမာလေးနဲ့ ပြောကြည့်ပါမယ်…

ဥပမာထဲက ဥပမာအရ ခန္ဓာကို အကျဉ်းသဘောအားဖြင့် ရှင်းပြတဲ့အခါ - ခန္ဓာမှာ အထည်အားဖြင့် ရုပ်၊ သဘောအားဖြင့် နာမ်တရားတွေ ရှိတော့.. ဒီ နာမ်တရားဆိုတဲ့ သဘောက အထည်လိုတော့ မျက်စိဖြင့် မြင်အပ်၊ ထိတွေ့အပ်တဲ့အရာတော့ မဟုတ်ဘူး။ သို့ပေမယ့် သတ္တိအားဖြင့်တော့ အထင်အရှားရှိနေတယ်… ဒါကို ဥပမာအားဖြင့် ပမာပေး ပြောရလျင် - သံပုရာသီး တစ်လုံးကို မြင်တယ်၊ ကိုင်တွယ်နိုင်တယ်… ဒီတော့ မြင်နိုင်တယ်… ကိုင်တွယ်နိုင်တဲ့ အရာကတော့ အထည်၊ သံပုရာသီးမှာ ချဉ်တဲ့ ရသဓာတ်က သတ္တိအားဖြင့် ထင်ရှားရှိနေတယ်။ ဒါကိုတော့ ကိုင်တွယ်လို့ မရဘူး၊ သို့ပေမယ့် သတ္တိ၏ စွမ်းအားကတော့ အထင်အရှားရှိနေတဲ့ အမှန်တရားပဲ လို့ နှိုင်းယှဉ်ပြီးတော့ ဥပမာပေး ပြောလိုက်ရော…ဒါသည် သဘောအားဖြင့် တူညီသော သဘောအားဖြင့် ရှိနေသော သဘောကို ယှဉ်ပြီး ပမာပေး ရှင်းပြတာ လိုက်တာပါ။

 ဒီလို နဲ့ ပမာနှိုင်းဆိုတဲ့ စကားလုံးက ဂုဏ်ဒြပ်တစ်ခုအားဖြင့် နှိုင်းစာပြုတဲ့အခါ အလေးပေးပြောတဲ့ဖက်ကို သက်ဝင်ပါတယ်…. ဥပမာအားဖြင့်… ပုထုဇဉ်ဆိုတာက မျောက်လိုပဲ ပမာနှိုင်းပြီး အရိယာသူတော်စင်များက ဉာဏ်ကြီးကြီးနဲ့ ပြောချလိုက်ရော.. ဝေဖန်ကြည့်တော့ ပုထုဇဉ်ဆိုတာက အမှန်တရားတစ်ခုကို ထိုးထွင်းခြင်းအားဖြင့် ၊ ပိုင်းခြားခြင်းအားဖြင့် မှန်ကန်စွာ မကြည့်တတ်၊ ဒီတော့ မှန်ကန်စွာ မမြင်၊ ဒီတော့ မှန်ကန်စွာ မခံယူ၊ ထို မှားယွင်းသောအယူဝါဒနှင့် ဒန်တွဲလျက် သံသယလုံးတွေက တရွရွ ဖြစ်ကြတယ်ဆိုတော့ ဟို သံသယ၊ ဒီသံသယတွေနဲ့ ရှိနေတော့ကာ… သံသယဆိုတဲ့သဘောက ပျာယာခတ်တဲ့ သဘောရှိပါတယ်။ ဒီပျာယာခတ်တာကလည်း သူ့စိတ်သည် ငြိမ်ဝပ်ပိပြားမှု မရှိတဲ့ သဘော၊ ဒီတော့ မျောက်စိတ်ကို ကြည့်လိုက်တော့ တစ်ကိုင်းတည်းမှာ ငြိမ်ဝပ်ပိပြားမှု မရှိဘဲ တစ်ကိုင်းပြီး တစ်ကိုင်းပျာယာခတ်ပြီး သကာလ ခုန်ကူးနေတတ်တယ်… မျောက်မျက်လုံးကို အိနြေ္ဒတင်ကြည့်မယ်ဆိုရင် အိနြေ္ဒကို မရှိပါဘူး…မျက်လုံးက ကလေ ကလေနဲ့၊ ကလေ ကလေ မဖြစ်တော့တဲ့ ပန်ချာဘီမျောက်မတွေကျတော့ သိပ်ပြီး ဆာ့တာ၊ အကိုင်းကူးတာမျိုးတော့ မရှိတော့ပြန်၊ မျောက်ဖင်နီဆိုသာ ဆိုရင်တော့ သူ့မျက်လုံးက ငြိမ်တယ်လို့ကို မရှိဘူးဗျ။ ဒါသည် သူ့စိတ်မငြိမ်တာကို ပြတာပဲ။ ဒီတော့ ပုထုဇဉ် စိတ်နှင့် မျောက်စိတ်ကို နှိုင်းယှဉ်ကြည့်တော့ မောဟဆိုတဲ့ ဝိစိကိစ္ဆာ  လက္ခဏာ ဖြစ်တဲ့ သို့လော သို့လော သံသယလုံးတွေဖြစ်နေတာက အတူတူပဲဗျ။ သူတို့ရဲ့ စိတ်တစ်လုံး၏ စင်ကြယ်မှုတန်ဖိုး စိတ်တစ်လုံးမှာ ယှဉ်ပြီး ဖြစ်နေတဲ့ စေတသိက်တွေနဲ့ ယှဉ်ပြီး သုံးသပ်ကြည့်တော့ တစ်ဂိုဏ်တည်းသားလို ဖြစ်နေကြရော… ဒီတော့ ဂုဏ်ဒြပ်တန်ဖိုးကို ကြည့်တော့ ထူးခြားမှုမရှိဖြစ်နေလေရက်၊ ဘာကြောင့်တုံးဆိုတော့ ကျွန်တော်တို့ ဒီစကား ကြားဖူးမှာပေါ့… ဒီသူငယ်က ခွေးလောက်တောင် အသိစိတ်မရှိဘူးရယ်… ဆိုတဲ့စကား… ဒီသူငယ်က နွားလောက်တောင် ကျေးဇူးမများဘူးရယ်…. စသည်ဖြင့် ပြောသံတွေ ကြားရနေရတော့ လူဖြစ်ပေမယ့်လို့ တန်ဖိုးခြင်းအားဖြင့် အားနည်းနေတဲ့ သဘောကို သက်ရောက်နေပါတယ်။ ဒါနဲ့ တစ်ခါက မိုးကုတ်ဆရာတော်ဘုရားကြီးက-  မင်းတို့က လူ့ငနွားတွေကွတဲ့.. ဘာကြောင့်တုံးဆိုတော့ နွားကမှ ထွန်တုံးချရင် နားရသေး၊ နွားနဲ့ အတူထွန်တဲ့ မင်းတို့က ထွန်တုံးချပြီးရင် မနားရသေးဘူး၊ သားကိစ္စ၊ သမီးကိစ္စ၊ မယားကိစ္စ စသည့်ဖြင့် ကိစ္စတွေနဲ့ ရုန်းရသေးတယ်။ ဒီတော့ နွားထက်တောင် ဆိုးနေတယ့် အခြေအနေကို ရောက်လို့နေပါရော့လားကွာ… ဒါကြောင့် လူဖြစ်ပါလျက် နွားသာသာရုန်း၊ နွားထက်မကရုန်းနေရတဲ့ လူ့ငနွားတွေကွတဲ့… ပြီးတော့ မင်းနွားက သူများ စားကျက်မှာ သွားမထွန်ဘူး၊ မင်းကတော့ဖြင့်မင်းစားကျက်အတွက်လည်း ထွန်ရတယ်၊ တစ်ခါတစ်ခါ သူများအကြောင်းများဆို စိတ်ကပါပါ၊ စိတ်အားမှာသန်သန်ဖြင့် လေဖောရတာများက ဝါသနာအားကြီးနေ၊ ကိုယ့်အလုပ်ကိစ္စတွေ ဘေးချထားပြီးသကာလ သူများကိစ္စတွေကို သွားရုန်းရတာဖြင့် မသိပျော် ပျော်နေကြတော့ … ဪ…လူ့ငနွားမှာတောင်… ကိုယ့်စားကျက်မှာ မထွန်ဘဲ၊ သူများစားကျက်မှာ ထွန်နေတဲ့ လူ့ငနွားဖြစ်နေလေရက်… ဒီတော့ ပိုနစ်နာတော့ပေါ့ ဆိုတဲ့  ဆရာတော်ဘုရားကြီး၏ ဉာဏ်အမြင်နဲ့ ထောက်ပြတာကျတော့ တို့တော့ဖြင့် ဒီအခြေအနေရောက်နေပါရော့လားဆိုတာကို မြင်တော့တယ်။ ဒီ လူ့ငနွားဆိုတဲ့ ဥပမာကတော့ ပေးတာ မဟုတ်တော့ပါဘူး၊ ပမာနှိုင်းတဲ့သဘောပါပဲ။ ဒီလို နှိုင်းတဲ့ သဘောကို မြင်တော့မှပဲ… တို့တော့ဖြင့် ဒီလို အခြေအနေကို ရောက်လို့ဖြင့်နေပေါ့… လူ့ဘဝ၏ တန်ဖိုးတွေကို အဝိဇ္ဇာတွေ လွှမ်းမိုးပြီးသကာလ အဝိဇ္ဇာပျော် ပျော်… အဝိဇ္ဇာပြုံး ပြုံးပြီးသကာလ နေကြတာသည် တို့ တန်ဖိုးအားဖြင့် လျော့လျော့လို့လာ အပယ်သို့သာ ဦးတည်နေတော့သည်ကို ဆင်ခြင်ဉာဏ်သွင်းပြီးမြင်ရင် ဪ..ဒါသည် ကျေးဇူးများသွားပြီ။ ဦး စိုင်းမွန်ခင်ဗျား… စကားကတော့ စလိုက်ရင် စကားနောက်မှာ တရားတွေပါ.. ရေးလို့သာ မကုန်နိုင်ပါခင်ဗျာ…. အကြံပေး ဉာဏ်ပေးဖော်ရတာကို အများကြီး ကျေးဇူးတင်လေးစားပါတယ်ခင်ဗျား… ကံမကုန်ခင် ဉာဏ်ဆုံသွားကြပါစို့ ခင်ဗျား…..

လေးစားစွာဖြင့်

ဝင်းမြင့်

 

 

Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay Designed by: Thitsartayar.com