• တရားစုများ

  • တရားတော်ရုပ်သံဖိုင်များ

ဤဆိုဒ်၏ရည်ရွယ်ချက်

မင်္ဂလာပါခင်ဗျား...
          ဤဆိုဒ်သည် ဓမ္မသုခဆိုဒ် မှ အခွဲတစ်ခုဖြစ်ပြီး မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆုံးမဩဝါဒကို နှလုံးမူ သတိမူပြီးတော့
ဆရာတော်ဘုရားကြီး ဆွဲခေါ်တဲ့လမ်းကို ကျွန်တော်လိုက်ခဲ့လို့ အဲဒီလမ်းကို ထင်ရှားအောင် ကိုယ်စားလှယ်ပြုပြီးတော့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များနှင့် ပတ်သတ်၍ ဓမ္မာမိတ်ဆွေများအနေဖြင့် တစ်စုတစ်စည်းတည်းရယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ် ထားပါတယ်ခင်ဗျား။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ရည်ရွယ်ချက်မှာ -
" ဒကာ၊ ဒကာမတွေ သစ္စာတရားတော်များ နာယူနိုင်ကြပါစေ...
နာယူပြီး သိနားလည်ကြပါစေ...
သိနားလည်ပြီးတော့ ကျင့်ကြံအားထုတ်နိုင်ကြပါစေ " တဲ့ဗျ...
          ဆရာတော်ကြီးက ဒီလိုရည်ရွယ်တာသည် တို့ကို ဒီအချက်တွေနဲ့ ပြည့်စုံစေချင်လို့ပါလား ဆိုတာ ခံယူနှလုံးသွင်း ဆုံးဖြတ်ချက်ချရပါမယ်။ ဒီလို ဆုံးဖြတ်ချက်ချပြီးတော့ အကောင်အထည် ဖော်တဲ့နေရာမှာ ဆရာတော်ဘုရားကြီး၏ ရည်ရွယ်ချက်အစဉ်အတိုင်း ဆောင်ရွက် သွားရပါမယ်။ ဒီတော့ ဗုဒ္ဓဘာသာတရားတော်တွေရဲ့ အနှစ်သာရ အဓိကတရားတော်ဖြစ်တဲ့ သစ္စာတရားတော်ကို နာယူမှုအလုပ်ကို ရှေးဦးစွာ အကောင်ထည်ဖော်ဆောက်ရွက်တဲ့အခါမှာ မိမိနာကြားခွင့်ရတဲ့ သစ္စာတရားတော်များကို အများသူငှာပါ ထပ်တူထပ်မျှ နာကြားခွင့်ရကြစေရန် ရည်ရွယ်အားသန် ဆန္ဒမှန်ဖြင့် အားလုံး သစ္စာတရားတော်များ နာယူ ဖတ်ရှု သုံးသပ်ပြုလို့ အဝိဇ္ဇာအမှောင်ထုကို ဝိဇ္ဇာဥာဏ်အလင်းဖြင့် ထိုးခွင်းဖောက်ထွင်း၍ အရှိပရမတ်နှင့် အမှန်သဘာဝ သစ္စာဆိုက်၍ နောက်တစ်ဖန်ပဋိသန္ဓေနေရခြင်းဒုက္ခချုပ်ငြိမ်း၍ နောက်တစ်ဖန် ပဋိသန္ဓောမနေရခြင်း သုခကို ကံမဦးမှီမှာ ဥာဏ်ဦးဖို့အတွက် လုပ်ဆောက်ကြပါစို့လို့ လေးစားရိုသေစွာ နှိုးဆော် တိုက်တွန်းရင်းဖြင့် သစ္စာတရားတော်ဆိုတဲ့ ဓမ္မအလံကို ဤကမ္ဘာ့အင်တာနက်မြေပေါ်မှာ စိုက်ထူလိုက်ရပါတယ် ခင်ဗျား…
လေးစားစွာဖြင့်
ဝင်းမြင့်
 
 

Last Updated (Friday, 23 October 2009 17:22)

 

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဈာပနအခမ်းအနားမှတ်တမ်း

ရေးသားမျှဝေမှု ပိုစ့်အသစ်များ
  • တရားပွဲထုတ်လွှင့်မှုသတင်း

  • T1

  • T2

မင်္ဂလာပါ ဓမ္မမိတ်ဆွေများခင်ဗျား...

တရားပွဲရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုရှိပါသည်။

သတင်းအပြည့်စုံသို့ LiveDhamma

Login To Forum