Hosting Donated By
ကျန်းမာအေးမြကြပါစေ
မာရ်နတ်၏ အမေးပုစ္ဆာ
| Article Index |
|---|
| မာရ်နတ်၏ အမေးပုစ္ဆာ |
| အဖြေ |
| All Pages |
Page 1 of 2
မင်္ဂလာပါ ဓမ္မမိတ်ဆွေများခင်ဗျား…
ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိစဉ် အခါကာလ၌ သာဝတ္ထိပြည် အန္ဓဝန်တောအုပ်အတွင်းဝယ် ရဟန္တာမ အရှင်မြတ် ဝဇိရာထေရီ ဘိက္ခုနီမသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်၍ ငြိမ်းချမ်းစွာဖြင့် သမာပတ်ဝင်စားတော်မူနေ၏။ သမာပတ်မှထသော အခိုက်၌ မာရ်နတ်၏ အမေးပုစ္ဆာကို ရဟန္တာမ အရှင်မြတ် ဖြေကြားတော်မူသည်ကို ဖောက်သည်ချ ရေးသားမျှဝေလိုပါ၏။
ဤသို့ မျှဝေရခြင်း ရည်ရွယ်ချက်မှာ -
သဘာဝအသွင်၌ အဓမ္မအမြင်ဖြင့် ရှုမြင်သုံးသပ်မှု (သို့မဟုတ်) မှားယွင်းသော အထင်စွဲ၊ အမြင်စွဲ၊ အယူစွဲ၊ ဝါဒစွဲ ဆိုသည့် ဒုက္ခကိုမြဲစေသော အစွဲများကို နေရောင်ရောက်ရာ မြူခိုးများ ကင်းစင်ပပျောက်သည့်အလား စင်ကြယ် ကင်းပျောက်စေခြင်းငှာ ဖြစ်၏။
နှလုံးသွင်း ဖတ်ရှုအပြီးမှာ နေရောင်နှင့်ပမာပြုသော လင်းသောအသိ ဖြစ်ပေါ်၏လော? ဆိုသည်ကိုလည်း စာရှုသူတို့ကိုယ်တိုင် ဆန်းစစ် သုံးသပ်ကြပါရန် ရှေ့ဦး၌ပင် ခင်မင်လေးစားစွာဖြင့် အကြံဉာဏ်ပေးလိုပါ၏။
မာရ်နတ်၏ အမေးပုစ္ဆာ (၄) ပုဒ်မှာ -
(၁) အဘယ်သူသည် သတ္တဝါ ဖြစ်အောင် ပြုလုပ်ပါသနည်း?
(၂) သတ္တဝါဖြစ်အောင် ပြုလုပ်သူကား အဘယ်သူနည်း?
(၃) အဘယ့်ကြောင့် သတ္တဝါ ဖြစ်ပေါ်လာရသနည်း?
(၄) အဘယ်ကြောင့် သတ္တဝါ ချုပ်ပျောက်သွားရပါသနည်း?
တို့ဖြစ်သည်။
ပုစ္ဆာ၏ အဖြေသို့ အကြည့် မရောက်ခင်မှာ- မိမိ၏ လက်ရှိ အသိဖြင့် ထိုပုစ္ဆာတို့အား ဖြေစမ်းကြည့်စေလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ရဟန္တာမ အရှင်မြတ်၏ ရှင်းလင်းဖြေဆိုသော ဖြေဆိုကို ဖတ်ရှုနှလုံးသွင်းပြီးနောက်မှာ ဖြစ်ပေါ်မည့် အသိနှင့် ယခုလက်ရှိ အသိ၏ ခြားနားမှု ကို ထင်ရှားစွာ ထုတ်ဖော်သိမြင်စေလို၍ ထိုအသိနှစ်ခု၏ ခြားနားမှုကို ထင်းလင်းစွာ သဘောပေါက် နားလည်စေရန်ဖြစ်သည်။
Prev - Next >>
Prev - Next >>
