Main Menu
  • မူလစာမျက်နှာ
  • ထေရုပ္ပတ္တိအကျဉ်း
  • တရားတော်အသံဖိုင်များ
  • တရားတော်ရုပ်သံဖိုင်များ
  • ဓမ္မစာအုပ်များ
  • တရားတော်စာမူများ
  • တရားတော်မှတ်စုတိုများ
  • ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
  • မှတ်တမ်းဓာတ်ပုံများ
  • ရေးသားမျှဝေမှုများ(ဝင်းမြင့်)
  • Forum
Hosting Donated By
dnthitsartayar
ကျန်းမာအေးမြကြပါစေ

ဂိတ်စောင့်ပဲ လုပ်တော့မယ်ဗျ

မင်္ဂလာပါ…
သံသရာမှာ မတော်ဖူးခဲ့သည်မရှိ တော်စပ်ခဲ့ကြဖူးသည့် သံသရာဆွေတော်မျိုးတော်များကို ဤ ပိုစ့်ကို ရေးသား၍

ကျေးဇူးဆပ်ပါ၏…

 ဒီစိတ်ကြောင့် ဒီကံ… ဒီ ကံကြောင့် ဤအကျိုး… ဤသို့ ကြောင်းကျိုးဆက် ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်ဓမ္မကို

လေ့လာရင်းဖြင့် စိတ်ကို ကိလေသာကင်းစင်အောင် ကြိုးစားကြပါစို့လား…

ဆိုတော့ … စာကို မချဲ့ လိုရင်းကို တည့်တည့်ပြောရလျင်ပ…

နေ့စဉ်မိမိသန္တာန်မှာ ဖြစ်တဲ့စိတ်တွေကို စောင့်ကြည့်ပြီး အကဲခတ်သုံးသပ်ကြည့်မှုက အရေးကြီးပါတယ်။ သူ့အကျိုးက -

စောင့်ကြည့်တော့ အရှိတရားတွေကို သိတယ်၊ အမှန်တရားတွေကို မြင်တယ်။

ဒီလို အရှိကို သိပြီး အမှန်ကို မြင်တာ… "ဉာဏ်ရဲ့သတ္တိ" ဆိုတာ တစ်အချက် အနေနဲ့ ဆုံးဖြတ်ချက် ချရပါမယ်။

ဒီလို ရေပြော ပြောလိုက်ပါမယ်…

သတိပညာ မှန်သားပေါ်မှာ စိတ်ရဲ့အရိပ်အသွင်ထင်ပါတယ်လို့….

ဒီလို စောင့်ကြည့်သုံးသပ်ရင်းဖြင့် တကယ်ရှိ နှင့် အမှန်သဘာဝကို မြင်တဲ့ဉာဏ်ဖြစ်လာတယ်။

မမြဲသော နိယာမတရားနဲ့ ဒုက္ခရောက်နေတဲ့ အစိုးမရတဲ့ တရားတွေကို မြင်လာတော့ ဒီတရားပေါ်မှာ

ငြီးငွေ့ပြီးမုန်းလာတဲ့ဉာဏ်တက်လာတယ်။

မုန်းလာတဲ့ဉာဏ်ဒီဂရီတက်လာတော့ တပ်မက်တဲ့ကိလေသာဒီဂရီက လျော့လာရော..သူတို့က

ပြောင်းပြန်အချိုးကျပါတယ်။

 ဒီတော့ ဒီဖြစ်ပျက်ဒုက္ခကို မလိုချင်တဲ့ ဉာဏ်ဖြစ်လာပါရောဗျ….

 ဒီလို ဉာဏ်တွေက အဆင့်ဆင့်တက်လာအောင် ကျေးဇူးပြုပေးနေတာက တကုတ်ကုတ်နဲ့ မှန်မှန်လုပ်သွားတဲ့

ဝီရိယပဲဗျ။

ငယ်ငယ်က တောင်ပေါ်က ဘုရားကို တက်တာကို အမှတ်ရမိတယ်…။ လှေကားထစ်တွေက အများကြီး တက်ရတာ…

တော်ပေါ်ရောက်လို ဘုရားဖူးကို ရည်သန်သော စိတ်နဲ့ ဝီရိယ ကို မလျှော့ဘဲ တက်တာဖြင့် ရောက်တာပေါ့ဗျ နော…

အခုလဲ အဲဒီ သဘောကို ဒီအလုပ်မှာ နှော ရတာပဲဗျ။

ဒီလို… မိမိသန္တာန်မှာ ထင်ရှားပြတဲ့တရားကို စောင့်ကြည့်သုံးသပ်အကဲဖြတ်မှုက အဓိကပါဆိုတာကို

ရေးသားဖော်ထုတ်လိုရင်းပါပဲခင်ဗျား။

စောင့်ကြည့်နေတာက သတိပါပဲ၊ သုံးသပ်အကဲခတ်တာက ပညာ၊ ထပ်ခါထပ်ခါကြည့်နေတာက ဝီရိယပါ။
ဒီနေရာမှာ ဥပမာလေးတစ်ခုနဲ့ အနည်းငယ်ဆွေးနွေးတင်ပြလိုပါတယ်ခင်ဗျား...

ဂိတ်ပေါက်ဝ ကို စောင့်နေတဲ့ သူနဲ့ ပမာပြုလိုပါတယ်..
ဂိတ်စောင့်တစ်ယောက်ကို ဒီလိုတာဝန်ပေးလိုက်ပါ။
အင်္ကျီအနက်- အသားဖြူဖြူ- လက်ဆွဲအိပ်အနက်နဲ့ လူတစ်ယောက်ဝင်လာရင် ငါ့ကို ဖုန်းခေါ်ပြောပါလို့

တာဝန်ပေးလိုက်တယ်ပေါ့ဗျာ…

အဲဒီဂိတ်စောင့်သည် သူ့ရဲ့ အာရုံကို တစ်ခြားကို မပျံ့လွင့်စေဘဲ ဂိတ်ပေါက်ဝသို့ ဝင်လာသမျှသော သူတိုင်းကိုသာ

စောင့်ကြည့်နေတော့၏တဲ့နော…
ဒီစောင့်ကြည့်နေတဲ့ အခိုက်မှာ - သူ့ရဲ့ အာရုံကို တစ်ခြားကို မပျံ့လွင့်စေဘဲ စိုက်တဲ့နေရာမှာ တည်တံ့နေတာသည်  

"သမာဓိ"၊ ဝင်လာသမျှသောသူတိုင်းကိုသာ ဆက်ကာဆက်ကာကြည့်ဖို့အားစိုက်နေတာ " ဝီရိယ"၊ အာရုံကို

စိုက်ပေးလိုက်… နားလည်အောင်ပြောရင်… စောင့်ကြည့်တာက "သတိ"။
ပြီးတော့ ဝင်လာသမျှသောသူကို သုံးသပ်ကြည့်မယ်လို့ ကြံစည်မှုနှင့် အကဲခတ်မှုပါ စောင့်ကြည့်နေတဲ့ အခိုက်ကလေးမှာ

တစ်ပြိုင်နက်ဖြစ်နေတယ်...

ဒီတော့ …. ဝင်လာသမျှသောသူကို သုံးသပ်ကြည့်မယ်လို့ ကြံစည်မှုက " သင်္ကပ္ပ " ၊ အကဲခတ်သုံးသပ်တာက " ပညာ "။
ဒါသည် ဂိတ်စောင့်တစ်ယောက်ရဲ့ သန္တာန်မှာဖြစ်နေတဲ့ လောကီမဂ္ဂင် ငါးပါးပါပဲ။

အဲဒီ ဂိတ်စောင့်တစ်ယောက်လို မိမိတို့သည်လည်းပဲ…
အတွင်းအာယတန ဒွါရတံခါးပေါက်(၆)ပေါက်တိုင်းမှာ ဆိုင်ရာအာရုံတိုက်၍ ဖြစ်ဖြစ် ပေါ်လာတဲ့တရားတွေ

ပျက်ပျက်သွားတာကိုသာ စောင့်ကြည့်အကဲခတ်သုံးသပ်မယ်ဆိုရင်ဖြင့် စောင့်ကြည့်သူ၏ သန္တာန်မှာဖြစ်နေတဲ့

လောကီမဂ္ဂင် ငါးပါးက ထိုသူ၏ အပယ်တံခါးကို လှမ်းပိတ်သွားမှာပဲဗျ။ ဒါအဓိက ပါပဲ။
အဲဒီလိုမှမဟုတ်ရင်တော့ -
ဒီလို မစောင့်ကြည့် မသုံးသပ်တဲ့အချိန်မှာကျတော့ဖြင့် ဒိဋ္ဌိက “ငါ့စိတ်" ဆိုပြီး ဝင်ရောက်ချယ်လှယ်တယ်၊ မာနက

“ငါ့ဟာ” ဆိုပြီး ဝင်ရောက် ချယ်လှယ်တယ်၊ တဏှာက “ငါ့ဥစ္စာ” ဆိုပြီး ဝင်ရောက်ချယ်လှယ်တယ်။ ဒီတော့

ဒီသံသရာနယ်ချဲ့တရား သုံးပါးက  ဝင်ရောက်ချယ်လှယ်မှတော့ဖြင့် တစ်ကျော့အပယ် သံသရာထောင်ဝယ်

ဒုက္ခပင်လယ် ဝေသည်ပဲပေါ့ဗျာ။

ဖြစ်ဖြစ်နေတဲ့ စိတ်ကို ဒီအတိုင်း ပစ်စလက်ခတ် လွှတ်ထားမယ်ဆိုရင်တော့ဖြင့် -

သံသရာဒုက္ခထောင်ကို ထပ်ရောက်ရာ၊ ရောက်ကြောင်းကို ကိုယ်ကအားရပါးရ စိတ်ပါလက်ပါနဲ့ ကျေးဇူးပြု

ထောက်ပံ့ပေးနေသလို ဖြစ်နေပါတယ် ဆိုတာ... စကားအလိုက် ပြောတာမဟုတ် ဖြစ်စဉ်ကိုက် ဆိုတာ ဉာဏ်သွင်းပြီး

လေးလေးနက်နက် တွေးတတ်ဖို့ လိုတယ်ဗျ။

သံသရာဒုက္ခထောင်ဆိုတာက အပယ်ထောင်မှာ ခံရတာ များသည်ပ။ ပြုလုပ်နေကြတာကို အချိုးကျတွက်ရင်

လောဘ၊ဒေါသ၊အမှု ကိစ္စတွေသာ များတာကိုး။

ဒီအရေးကတော့ဖြင့် မတော်ပါဘူး။
ဒီအရေးက မတော်တော့ ကျွန်တော်တို့ ဒါကို အလေးဂရုစိုက်ရပါလိမ့်မယ်ဗျ။ ဤသို့ သာသနာတွင်းကာလမှာ ရှေ့ကပြုခဲ့

ကောင်းမှု အကျိုးပေးတစ်လှည့်နဲ့ ကြံခိုက် မိုက်လိုက်အုံးမယ်ဆိုတဲ့သဘောနဲ့ ဆင်ခြေပေလို့ကတော့ဖြင့် လုံးဝ

မတော်ပါဘူး။ သာသနာတွင်းတရားအလုပ် ဝိပဿနာအားထုတ်မှုကို လုပ်ကြဖို့သာ မိမိတို့အတွက် နံပါတ်တစ်

အဓိကအရေးဆိုတာ ဆုံးဖြတ်ချက် မချနိုင်သေရွေ့တော့ဖြင့်..
ငယ်ငယ်တုံးက ကြားဖူးတဲ့ စကားနဲ့ ပြောရရင်...
ဒီကလေး တော်တော် အရေထူတာပဲ တဲ့...
ဘာကို ဆိုတုံးဆိုတော့... ဘယ်လောက်ရိုက်ပြီး ဆုံးမလည်း ရိုက်တုံးခဏ အာပြဲမတတ်ငိုတယ်...နောင်မပြုတော့ပါဘူး

လို့ ဆိုတယ်... ပြီးတော့ ဒီအပြစ်ကိုပဲ ထပ်လုပ်ပြန်တယ်... ဒီတော့ ဒီကလေး တော်တော် အရေထူတာပဲ တဲ့...
အခုလည်း ကိလေသာအရေ တော်တော်ထူတယ်လို့ပဲသာ ဆိုဖို့ရှိတယ်ဗျ...
ဟုတ်ပါပြီ.... ဒါကတော့ လေးလေးနက်နက် တွေးခေါ်တတ်တဲ့ အတွေးဝင်သွားအောင်လို့သာ ပြောရခြင်းပါ...
ဒီလို သာသနာတွင်းအလုပ် ဝိပဿနာအားထုတ်မှုကို လုပ်ကြရင်ဖြင့် --- လုပ်ရင်းအေးချမ်းမှုတွေလက်ငင်းရတာကို

ကိုယ်စီကိုယ်ငှ ခံစားရကြပါလိမ့်မယ်။

ဒုက္ခကို ဉာဏ်နဲ့ တွေ့မှ ဒုက္ခ၏ ကင်းရာကို ဉာဏ်နဲ့ တွေ့နိုင်တာဗျ။

ရှေ့သံသရာက  တစ်ယောက်ကို တစ်ယောက် ဒီလို ဝိပဿနာအလုပ်ကို  လုပ်ဖို့ တိုက်တွန်းမှု ဝတ်တရား

ပျက်ပြားခဲ့ကြတယ်။ လိုက်နာမှု အားနည်းခဲ့ကြတယ်.. ဒါကြောင့်မို့
သူတော်ကောင်းစာရင်းမှာ  မှတ်တမ်းမဝင်ဘဲ ... လူမိုက်စာရင်းဝင်အဖြစ်နဲ့သာ ....အရေထူတဲ့ကလေးလို့

အပြောခံနေရခြင်းသာပ... ဒီအခြေအနေက လွတ်မြောက်အောင် လုပ်ကြဖို့ သတိကလေး တစို့စို့ ထွက်ပေါ်လာအောင်

ဒီပိုစ့်ဖြင့် ရေးသားကျေးဇူးပြုတာပါ။
နိဂုံးချုပ်အနေဖြင့် အဆုံးသတ်ရလျင်...

ထောင်ကိုတောင် ပျော်ပျော်ပါးပါးနဲ့ စုစုရုံးရုံးနဲ့သွားနေကြတဲ့အခါမှာ -
ထောင်ကလွတ်ရာကိုလည်း တို့ဓမ္မမိတ်ဆွေများ အတူတူ တစ်ယောက်ကို တစ်ယောက်က သတိပေးလို့ လက်တွဲခေါ်ယူ

ဖေးမကူမယ်ဆိုရင်ဖြင့် ဝိပဿနာ လေယဉ်ကို စီးပြီးတော့ နိဗ္ဗာန်ပြည်ကို အရောက် ပျံ့သန်းနိုင်ကြမှာပါဗျ။

ဝိပဿနာလေယဉ်မှာ စီးပါကြသူတွေဟာဆိုရင် တစ်ယောက်ကို တစ်ယောက် ငဲ့ညှာတတ်ကြတယ်ဗျ။ ထိုင်ခုံလည်း

မလုကြဘူး။ စားခွက်လည်း မလုကြဘူးဗျ။

တစ်ယောက်ပေါ် တစ်ယောက် လေးစားတန်ဖိုးထားတတ်ကြပြီမို့ တယ်ကို ဟန်ကျကြပါတယ်၊ ငြိမ်းအေးကြပါတယ်။

ဒါကြောင့်… မြတ်စွာဘုရားရှင်၏ သာသနာတွင်းဝယ် …. အားလုံးသော ဓမ္မမိတ်ဆွေတွေ… ဝိပဿနာလေယဉ်ပေါ်မှာ

စီးနှင်းလိုက်ပါကြဖို့… အလေးအနက်ထားပြီး သံသရာဆွေတော်မျိုးတော်များကို ချစ်ခင်ရိုသေသောစိတ်ကို အရင်းခံ၍

အလေးအနက်ထား မှားကြားစာရေး၍ မျှဝေပါသည်ခင်ဗျား။
 

အားလုံးကို လေးစားစွာဖြင့်
ဝင်းမြင့်

http://thitsartayar.com

 
 

Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay Designed by: Thitsartayar.com