Main Menu
မူလစာမျက်နှာ
ထေရုပ္ပတ္တိအကျဉ်း
တရားတော်အသံဖိုင်များ
တရားတော်ရုပ်သံဖိုင်များ
ဓမ္မစာအုပ်များ
တရားတော်စာမူများ
တရားတော်မှတ်စုတိုများ
ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
မှတ်တမ်းဓာတ်ပုံများ
ရေးသားမျှဝေမှုများ(ဝင်းမြင့်)
Forum
Hosting Donated By
ကျန်းမာအေးမြကြပါစေ
သတိပေးပိုစ့်
အမှောင်လောကထဲက အမှန်တရားတစ်ခု...ထင်ရှားရှိနေဆဲပါ...
" အကန်းထဲမှာ ပထမဆုံး လူ့ပြည်မှာဖြင့် ဘုရားတစ်ပါးတည်း အမြင်စ, ပေါ်လာတာပဲ ...အကန်းတောထဲမှာ သွားပြီး ငါသည် တရားစည်ကြီး မြည်ဟည်းအောင် တီးရလိမ့်ဦးမည်..."
ဆိုသည့် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် တရားတော်ထဲမှ စကားအသုံးကို သဘောကျ၍ အနည်းငယ် အတွေးဆန့်လိုသည်။
အမြင်, စ ပေါ်တာပဲ ... ဆိုသည့် စကားအသုံးလေး သုံးသွားသည်ကို ကြိုက်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အမှောင်ထဲမှ အမှန်အလင်းတန်းတစ်ခုကို ပါရမီအဟုန်ရင်သန်ပြည့်ဝသည့် အစွမ်းသတ္တိဖြင့် ဖော်ထုတ်နိုင်ခဲ့သည်။
ဤသို့ ဖော်ထုတ်နိုင်ခဲ့သည့်အတွက် မည်သို့အကျိုးကျေးဇူးကို ဖြစ်ပေါ်စေသနည်း?
ဤသို့ ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ဖော်ထုတ်သူနှင့် မရေတွက်နိုင်လောက်သည့် ပမာဏရှိကြသော သတ္တဝါတို့သည် ဤသို့ ဥပမာအားဖြင့် အကျိုးကျေးဇူးဖြစ်ပေါ်ကြကုန်၏။
အမှောင်အတိ ဖုံးနေတဲ့ ပင်လယ် သမုဒ္ဒရာကြီးတစ်ခုမှာ များစွာသောသူတို့သည် မြုပ်တစ်ချီ ပေါ်တစ်လှည့် ဖြစ်နေကြ၏။
ထိုသူတို့မှာ အချိန်ကြာမြှင့်စွာ နစ်မြှပ်ပြီးမှ အပေါ်သို့ ခဏပေါ်လာရခြင်းဖြစ်၏။ ထိုသို့ ပေါ်သည့်အခိုက်၌လည်း ထိုသူတို့မှာ ကမ်းတွေ့ ကျွန်းတွေ့လိုငှား ကူးခတ်ကြ၏။
သို့သော် ကမ်းလည်းမတွေ့ ကျွန်းလည်းမတွေ့မှီမှာ ပြန်လည်နစ်မြုပ်သွားကြ၏။
ဤသို့အားဖြင့် ပေါ်လာသော သူများထဲမှ တစ်ဦးသော ပုဂ္ဂိုလ်တစ်ဦးသည် အမှောင်ထဲမှ အလင်းပြနေသော မီးပြတိုက်ကို တွေ့မြင်၏။
မီးပြတိုက်ရှိရာသို့ ကူးခတ်ရင်း ကျွန်းပေါ်သို့ ရောက်ခဲ့၏။
ထိုသူ့အတွက် ပြန်လည် နစ်မြုပ်ခြင်းမှာ အကြောင်းမရှိတော့ပြီ။ မနစ်မြုပ်ရခြင်း၏ အကြောင်းမှာ ကျွန်းကြီးခံနေလို့။
ဤသို့ နစ်မြုပ်ခြင်းဘေးမှ လွတ်မြောက်သွားရသည့် သူသည် တစ်ကြိမ် ပေါ်ပေါ်လာသမျှ သူအပေါ်တို့အား အလင်းကို ထွန်းလင်းပြ၍ ကျွန်းသို့ ခေါ်ဆောင် ကယ်တင်၏။
အမှောင်ထဲမှ အလင်းတန်းကို တွေ့မြင်ခွင့်ရကြ၍ အလင်းရှိရာ ကူးခတ်သူတို့မှာ ကျွန်းပေါ်သို့သာ ရောက်ရသည်သာချည်း။
အမှောင်ထဲမှ အလင်းတန်းရှိရာဖက်သို့ မျက်နှာမလှည့်သူတို့မှာကား နစ်မြုပ်ခြင်းသို့ တစ်ဖန်ဦးတည့်သွားကြ၏။
ဖော်ပြပါ ဥပမာကို ထပ်မံရှင်းတမ်းထုတ်ရလျင် -
တစ်ဦးသော ပုဂ္ဂိုလ်တစ်ဦးသည် အမှောင်ထဲမှ အလင်းပြနေသော မီးပြတိုက်ကို တွေ့မြင်၏
- ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဆိုလို၏။
မီးပြတိုက်ရှိရာသို့ ကူးခတ်ရင်း ကျွန်းပေါ်သို့ ရောက်ခဲ့၏
- ဆိုသည်ကား မဂ္ဂင်ရှစ်ပါးမီပြတိုက်ဆီသို့ ကူးခတ်ရင်း နိဗ္ဗာန်းတည်းဟူသော ကျွန်းပေါ်သို့ ရောက်ရှိသွားခြင်းကို ဆိုလို၏။
ကျွန်းခံနေ၍ ပြန်လည်နစ်မြုပ်ခြင်း မကြောင်းမရှိတော့ပြီ
- ဆိုသည်မှာ ဘဝမျိုးစုံကျင်လည်၍ စိတ်၏ ဆောင်ရာ ပုံစံမျိုးစုံ မွေးဖွားလာရမည့်ဘေးဒုက္ခ၊ ထို မွေးဖွားခြင်းနှင့်အတူ အိုဘေးဒုက္ခ၊ မျိုးစုံသော ရောဂါဘေးဒုက္ခ၊၊ နာဘေးဒုက္ခ နှင့် သေဘေးဒုက္ခအပေါင်းမှ လွတ်မြောက်သွားရခြင်းကို ဆိုလို၏။
ဤသို့ နစ်မြုပ်ခြင်းဘေးမှ လွတ်မြောက်သွားရသည့် သူသည် တစ်ကြိမ် ပေါ်ပေါ်လာသမျှ သူအပေါ်တို့အား အလင်းကို ထွန်းလင်းပြ၍ ကျွန်းသို့ ခေါ်ဆောင် ကယ်တင်၏ ဆိုသည်မှာ
- ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မဂ္ဂင်တရားအလင်းကို ပြ၍ နိဗ္ဗာန်းကျွန်းသို့ ကူးခတ်စေခြင်းဖြင့် သတ္တဝါများအား လမ်းပြ ကယ်တင်၏။ တစ်ကြိမ် ပေါ်ပေါ်လာသမျှ ဟူသော စကားအသုံးကို အလေးနက်ထားသင့်သည်။ တစ်ကြိမ်ပေါ်ခွင့်ရပြီးလျင် ပြန်လည် ဆွဲနစ်မည့် အကုသိုလ်ဆွဲအားကမသေး။ ဤအရေးကို သတိပြုသင့်သည်။
အမှောင်ထဲမှ အလင်းတန်းကို တွေ့မြင်ခွင့်ရကြ၍
- ဆိုသည်မှာ သစ္စာလေးပါးမြတ်တရား စည်ကြီး မြည်ဟည်းသည့် အသံတော်ကို ကြားခွင့်ရကြသော သူများဟု ဆိုလိုသည်။ အမှောင်ထဲမှာ ထင်ရှားရှိနေသေးသော သစ္စာဓမ္မအလင်းတန်းကို မြင်ခွင့်ရကြသော သူများဟု ဆိုလိုသည်။
အလင်းရှိရာ ကူးခတ်သူတို့မှာ
- ဆိုသည်ကား သစ္စာတရားကို နှလုံးသွင်းအားထုတ်သူများကို ဆိုလို၏။
ကူးခတ်သူတို့မှာ ကျွန်းပေါ်သို့သာ ရောက်ရသည်သာချည်း
- ဆိုသည်မှာ အကြောင်းအထောက်အပံ့များ ပြည့်စုံမှုကြောင့် နိဗ္ဗာန်ကျွန်းသို့ ရောက်သွားရသည်ကို ဆိုလို၏။
အမှောင်ထဲမှ အလင်းတန်းရှိရာဖက်သို့ မျက်နှာမလှည့်သူတို့မှာကား နစ်မြုပ်ခြင်းသို့ တစ်ဖန်ဦးတည့်သွားကြ၏
- ဆိုသည်မှာ ပေါ်လာအခိုက် ထိုသူမိုက်သည် တစ်ဖန် ဘဝမျိုးစုံကျင်လည်၍ စိတ်၏ ဆောင်ရာ ပုံစံမျိုးစုံ မွေးဖွားလာရမည့်ဘေးဒုက္ခ၊ ထို မွေးဖွားခြင်းနှင့်အတူ အိုဘေးဒုက္ခ၊ မျိုးစုံသော ရောဂါဘေးဒုက္ခ၊၊ နာဘေးဒုက္ခ နှင့် သေဘေးဒုက္ခတို့ကို တစ်ဖန် ပြန်ခံချင်ကြသည့် အဓိပ္ပာယ်သို့ သက်ရောက်၏။ သို့ပေမယ့် ထိုသူတို့မှာ ထိုအရာကို ရိုးရိုးလေးအားဖြင့် သဘောပေါက် နားမလည်ကြသည်။ နားမလည်ချင်ကြသည်သာတည်း။ယောင်တောင်တောင် ပေါင်တောင်တောင် နဲ့ လူမသိ၊ ထောင်မကျမည့် အရေးလောက်သောတွေး၍ တဏှာကျွန်ဘေး သင့်နေကြသော သူများသာတည်း။
ဤသို့ သတိပေးအနေဖြင့်
အမှောင်လောကထဲက အမှန်တရားတစ်ခု...ထင်ရှားရှိနေဆဲပါ... ထိုအလင်းအားကိုးဖြင့် ကျွန်းပေါ်သို့ရောက်အောင် ကူးခတ်ရမည်မှာ ဒုက္ခသည်များ၏ ပကတိမူလ တာဝန်သာတည်း။ တာဝန်မကျေလျင် ပြန်လည်နစ်မြုပ်ရမည်မှာ အပြောမဟုတ်
အချိန်က ထုတ်ပြမည့် သက်သေတစ်ခုဖြစ်သည်။
လေးစားစွာဖြင့်
ဝင်းမြင့်
Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay
Designed by: Thitsartayar.com