Main Menu
  • မူလစာမျက်နှာ
  • ထေရုပ္ပတ္တိအကျဉ်း
  • တရားတော်အသံဖိုင်များ
  • တရားတော်ရုပ်သံဖိုင်များ
  • ဓမ္မစာအုပ်များ
  • တရားတော်စာမူများ
  • တရားတော်မှတ်စုတိုများ
  • ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
  • မှတ်တမ်းဓာတ်ပုံများ
  • ရေးသားမျှဝေမှုများ(ဝင်းမြင့်)
  • Forum
Hosting Donated By
dnthitsartayar
ကျန်းမာအေးမြကြပါစေ

အမြတ်ဆုံးဒါန

(မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်မှ အနှစ်ထုတ်ဖော်ပြပါသည်)
လှူတဲ့တန်းတဲ့နေရာတောင်မှ သြော် … ဒါဟာ ကိုယ်ခန္ဓာဖြစ်စေ၊ လှူဖွယ်ဝတ္ထုဖြစ်စေ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တမခြံရံလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေတဲ့၊ အ၀ိဇ္ဇာသ၀ လိုက်သေးတာပဲ …။ (မှန်ပါ)၊ လှူတာ တန်းတာတောင်မှ ဘုံဘ၀ကို လိုချင်တာများကြတော့ အ၀ိဇ္ဇာသဝပါတယ်..။
(ပါ-ပါတယ်ဘုရား)။
ဒါကြောင့် မနေ့ကပြောခဲ့တယ်၊ အ၀ိဇ္ဇာသ၀က ဆုတောင်းခိုင်းတာ၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် ရောက်ရပါလို၏ ဆိုတော့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဟာ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာမှန်း မသိတာက အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာက ဆုတောင်းခိုင်းတာ …။ (မှန်ပါ)၊ ဒါကြောင့် အ၀ိဇ္ဇာသည် တဏှာကိုလဲ ဖြစ်စေနိုင်တယ်၊ ရှင်းပလား …။ (ရှင်းပါပြီ)၊ မသိတော့ ဆုတောင်းတယ်။ မသိတာက ဘာတုံး …။ (အ၀ိဇ္ဇာပါ)၊ ဆုတောင်းတာ က … (တဏှာပါ)၊ တဏှာဆိုတော့ ကာမာသ၀ရော၊ ဘ၀ါသ၀ရောလိုက်တယ်။ အ၀ိဇ္ဇာသ၀လဲ လိုက်တယ် …။ (မှန်ပါ)၊ ရှင်းကြပလား …။ (ရှင်းပါပြီဘုရား)။
အဲဒီတော့ကို အလှူတစ်လှူမှာ လွတ်ကျွတ်အောင် လှူတဲ့အလှူဟာ ဒကာ ဒကာမတွေ ရှားမှရှားတယ် …။ (မှန်ပါ)၊ ၀ဋ်လည်တဲ့အလှူများတယ် …။ (မှန်ပါ)၊ ၀ဋ်လည်တာက ဒါနကလည်တာလား၊ ဒါနနောက်က အသိမရှိလို့ လည်တာလား ဆိုတာကိုလဲ ဦးသံဒိုင်တို့က အကဲခတ်ရမယ် …။ (ဒါနနောက် အသိမရှိလို့ လည်တာပါဘုရား)၊ အသိမရှိလို့လည်တာ၊ ဒါနကတော့ မလည်အောင်လှူရင် မလည်ပါဘူး၊ ဒါနကတော့ ဒါနံ ဥပနိဿာယ ဈာနံ ဥပ္ပါဒေတိ မဂ္ဂံဥပ္ပါဒေတိ အဘိညံ ဥပ္ပါဒေတိ မဂ်အဘိဥာဏ်တောင် ကျေးဇူးပြုနိုင်တယ်လို့ ဘုရားက ဟောတော်မူတာပဲ …။ (မှန်ပါ)၊ ဟောပင်ဟောငြားသော်လဲ ဒကာ ဒကာမတွေ အဲဒီကျအောင် မလုပ်ကြဘူးတဲ့။ ဈာန်ကို ဖြစ်စေတယ်လို့ ဆိုလို့ရှိရင် ဈာန်ရစေတဲ့တရားကို ရှုပေးရမယ်၊ မဂ္ဂံဥပ္ပါဒေတိ ဆိုလို့ရှိရင် မဂ်လိုက်ပေးရမယ် …။ (မှန်ပါ)၊ ခင်ဗျားတို့က ဈာန်လဲ မလိုက် မဂ်လဲမလိုက်တော့ကို နောက်ဆုံးပိတ်မှာ ၀ိပဿနံဥပ္ပါဒေတိ … ၀ိပဿနာလေးလဲ လုပ်ပါဦး …။ မပါဘူးလား …။ (ပါ - ပါတယ်)၊ မဂ္ဂံဥပ္ပါဒေတိ … စသည်နဲ့ ဟောတော်မူတော့ သူက လည်စေနိုင်တာ မဟုတ်ပါဘူး သူက ဒီလိုထိအောင် အကျိုးအကြောင်း ဆက်နိုင်ပါတယ်လို့ ပြောတာကို ဒကာ ဒကာမတွေက သူ ဆက်တဲ့ဆီကို မသွားဘဲနဲ့ ကိုယ်ဆက်ချင်တဲ့ဆီကို ဆက်ပစ်လိုက်ကြတယ် …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီ) ကိုယ်ဆက်ချင်တာ ဆက်ပစ်လိုက်တော့ အ၀ိဇ္ဇာတို့၊ တဏှာတို့ ရောက်လာတယ် …။ (မှန်ပါ)၊ သဘောပါပလား …။ (ပါ-ပါပြီ)၊ ဘာလိုက်လာသတုံး …။ (အ၀ိဇ္ဇာတဏှာလိုက်ပါတယ်)။
အဲဒီမှာ မယူတတ်၊ မဆက်တတ်လို့ မြတ်စွာဘုရား အလိုတော်မကျဘဲနဲ့ တဇွတ်ထိုး ဟောလို့ရှိရင်ဖြင့် ဒါကို ဒါနဟာ သံသရာရှည်တယ်ကွ … ပြောလေ့ရှိကြတယ် …။ (မှန်ပါ)၊ ဒါက ကျမ်းဂန်ကို မညှိတတ်လို့ ဖြစ်ရတာလို့ ဦးသံဒိုင်တို့ မှတ်ကြပါ …။ (မှန်ပါ)။

ကျမ်းဂန်ကတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်သူ့မှ မငဲ့ဘဲနဲ့ ဟောကြားတော်မူတဲ့ နိတတ္ထဒေသနာတော်မှာ ဒါနံ ဥပနိဿယ ဈာနံဥပ္ပါဒေတိ မဂ္ဂံ ဥပ္ပါဒေတိ အဘိညံ ဥပ္ပါဒေတိ သမာပတ္တိ ဥပ္ပါဒေတိ စသည်ဖြင့် ဟောကြားထားတယ် …။ (မှန်ပါ)၊ ဒါဟာ မမြင်ဘဲနဲ့ ဟောပါမလား …။ (မဟောပါဘုရား)၊ အဲဒါတွေကို သတိထားကြလို့ရှိရင် ဒါန လုပ်ကြတဲ့အခါ ဈာန်ကလေးလဲ ရှုပေးပါ၊ မဂ်ကလေးလဲ ရှုပေးပါ၊ ၀ိပဿနာကလေးလဲ လုပ်ပေးပါ ဆိုတဲ့ အဓိပ္ပါယ်ပါသားပဲ မဟုတ်လား …။ (မှန်ပါ)၊ မပါဘူးလား …။ (ပါ-ပါတယ်ဘုရား)၊ ပါပင်ပါငြားသော်လဲ ဒကာ ဒကာမတွေက ဒါနနဲ့ပဲ ကျေနပ်နေကြတယ်၊ စာဂါနုဿတိနဲ့ပဲ ၀မ်းမြောက်မှုနဲ့ ခရီးဆုံးနေကြတယ်၊ ၀ိပဿနာထိအောင် … (မပါ - ပါ ဘုရား၊ ၀ိပဿနာထိအောင် မပါတော့ ဒါနကနေပြီးတော့ ဗြဟ္မာဖြစ်အောင် ကျေးဇူးပြုလိုက်တယ်၊ သမထက သဘောကျပလား …။ (ကျပါပြီ)။

အဲဒီတော့ ဒါနက လုပ်တာလား၊ တရားဟောလိုလို့ ဖြစ်ရတာလား …။ (တရားဟောလိုလို့ ဖြစ်ရတာပါ)။

အဲဒါကြောင့် တရားနာ၊ တရားဟောပေမယ့်လဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အလိုရှိတဲ့ဆီကို ရောက်အောင် ဟောနိုင်တဲ့ ဆရာသမားကလဲ ရှားတယ်၊ နာနိုင်တဲ့ ပရိသတ်ကလဲ ရှားတယ်၊ သဘောကျ ပလား …။ (ကျပါပြီ)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အလိုရှိတဲ့ဆီရောက်အောင်သွားတဲ့ ပုဂ္ဂိုလ် ရှားနေ တော့ လမ်းခုလပ်လောက်တွင် ခရီးဆုံးသောင်တင်နေတတ်တယ် …။ (မှန်ပါ)၊ ကိုယ်သန်ရာကို ဆွဲငင်ရေးသားထားကြတဲ့ စာအုပ်ကလေးတွေ လောက်သာကြည့်ပြီး ဘုရားဟောအစစ် လိုရင်းထိအောင် မသွားနိုင်ကြလို့ရှိရင်လဲ ခင်ဗျားတို့မှာ တိမ်းတတ်၊ စောင်းတတ်မယ်ဆိုတာ မှတ်ကြရလိမ့်မယ် …။ (မှန်ပါ)၊ မမှတ်ထိုက်ဘူးလား …။ (မှတ်ထိုက်ပါတယ်ဘုရား)၊ ဒါလဲ အခုခေတ်မှာ အရေးကြီးနေပါတယ် …။ (မှန်ပါ)။

ဒါနမှာ သမထ၀ိပဿနာနဲ့ ခြံရံပြန်လို့ရှိရင်လဲ အမြတ်ဆုံး ဒါနပဲ...
---
မဂ္ဂင်လမ်းကို ချည်းကပ်ကြတဲ့ ဓမ္မမိတ်ဆွေများ၏ ထိုလမ်းကြောင်းပေါ် ခြေချခွင့်ရမှု/မရမှုသည် ပညာရှိ လမ်းညွှန်ကောင်းပေါ်မှာ မှီနေတယ်လို့ မှတ်လိုက်စမ်းပါ ဟု မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမထောက်ပြပါသည်။
လေးစားစွာဖြင့်
ဝင်းမြင့်
 

Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay Designed by: Thitsartayar.com