Main Menu
မူလစာမျက်နှာ
ထေရုပ္ပတ္တိအကျဉ်း
တရားတော်အသံဖိုင်များ
တရားတော်ရုပ်သံဖိုင်များ
ဓမ္မစာအုပ်များ
တရားတော်စာမူများ
တရားတော်မှတ်စုတိုများ
ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
မှတ်တမ်းဓာတ်ပုံများ
ရေးသားမျှဝေမှုများ(ဝင်းမြင့်)
Forum
Hosting Donated By
ကျန်းမာအေးမြကြပါစေ
ဓမ္မမိတ်ဆွေများအတွက် နှစ်သစ်ပိုစ့်
ကျွန်တော့်ဘဝအတွက် အရေးပါခဲ့.... မြှင့်တင်ပေးခဲ့တဲ့ စကားသုံးခွန်းရှိခဲ့ပါတယ်... အဲဒီစကားလေးကို ဆေးက အကိုကြီးက ဘူတာကို လိုက်ပို့တုံးက ပြောခဲ့တာလေးပါ... ကျွန်တော်လေးစားစွာ ခံယူပြီး လေးနက်စွာ တွေးခဲ့ပါတယ်...အဲဒီစကားသုံးခွန်းက -
၁)ငါ့ရဲ့ခံယူချက်နှင့်အယူဝါဒကို ပြောင်းလဲနိုင်တဲ့ စွမ်းအားလည်း ငါ့မှာ ရှိပါစေ...
၂) ငါ့ရဲ့ ခံယူချက်နှင့်အယူဝါဒကို မ ပြောင်းလဲနိုင်တဲ့ စွမ်းအားလည်း ငါ့မှာ ရှိပါစေ...
၃) ငါ့ရဲ့ ခံယူချက်နှင့် အယူဝါဒကို ပြောင်းလဲသင့်မသင့် သုံးသပ်ဆုံးဖြတ်နိုင်တဲ့ ပညာဥာဏ်စွမ်းအားလည်း ငါ့မှာ ရှိပါစေ...
ဆိုတဲ့ စကားသုံးခွန်းပါပဲ....
ဒီစကားသုံးခွန်းကို ကျွန်တော်အမျိုးမျိုး တွေးပြီးတော့ စဉ်းစားခဲ့ပါတယ်...
နောက်ဆုံး ကိုယ့်အတွက် ကိုက်မယ့် အနှစ်ချုပ် စကားသုံးခွန်းကို အနှစ်ထုတ်လိုက်ပါတယ်...
၁ ) ငါ့ရဲ့ အခြေအနေကို ပြောင်းလဲနိုင်တဲ့ စွမ်းအားလည်း ငါ့မှာ ရှိပါစေ...
၂) ငါ့ရဲ့ အခြေအနေကို မပြောင်းလဲနိုင်တဲ့ စွမ်းအားလည်း ငါ့မှာ ရှိပါစေ...
၃) ငါ့ရဲ့ အခြေအနေကို ပြောင်းလဲ သင့် မသင့် သုံးသပ် ဆုံးဖြတ်နိုင်တဲ့ ပညာဥာဏ်စွမ်းအားလည်း ငါ့မှာ ရှိပါစေ...
ဆိုပြီးတော့ပေါ့...
ဒီစကားသုံးခွန်းကို ထပ်အနှစ်ချုပ်ပြီး အဓိကကို ရှာတော့ သင့် မသင့်ကို ဆုံးဖြတ်နိုင်တဲ့ ပညာဥာဏ်စွမ်းအားပါပဲ...
" ဒီစွမ်အားကို ငါဘယ်က ရမလဲ...."
အဲဒီမှာမှ မြတ်စွာဘုရားရှင်ကို သွားပြီး သတိရပြီးတော့ကာ ... ငါဟာ အမှန်ကို ဟောညွှန်ပြ ဆုံးမတတ်သည့် မြတ်စွာဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်နေသူဖြစ်နေပါလျက်နဲ့ ငါ့ဟာ မှတ်ပုံတင်ရုံမျှသာဖြစ်၍ (ချည်းကပ် ခံယူ ကျင့်ဆောင်သူ မဟုတ်ပါလား...)
ဒါကြောင့် ငါ့မှာ သင့် မသင့်ကို ဆုံးဖြတ်နိုင်တဲ့ ပညာဥာဏ်စွမ်းအား (မဲ့) ဖြစ်နေတာပေါ့ လို့ ဆုံးဖြတ်ချက် ထုတ်ပြန်လိုက်ပါတယ်...
ထိုဆုံးဖြတ်က တွန်းအားပေးပြီးတော့ " သင့် မသင့်ကို ဆုံးဖြတ်နိုင်တဲ့ ပညာဥာဏ်စွမ်းအာမြှင့်တင်ရေး" စီမံကိန်း ကို အကောင်ထည်ဖော်ဆောင်ရွက်လာခဲ့ပါပဲခင်ဗျား...
ဒီတော့ ဓမ္မမိတ်ဆွေများခင်ဗျား...
မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် တရားတော် အဆုံးအမကို တိုက်ရိုက် နာယူ နားလည်စွမ်းငှာ တို့မှာ မစွမ်းနိုင်ဘူး။
ဒီတော့ ဆရာတော်ဘုရားကြီးများက ဆောင်ယူ ဟောပြ တရားဓမ္မကို ကြားကိစ္စမစွက်ဘဲ လေးစားစွာနာယူ ခံယူ၍-
မိမိတို့၍ အခြေအနေကို ပြောင်းလဲ သင့် မသင့် သုံးသပ် ဆုံးဖြတ်နိုင်တဲ့ ပညာဥာဏ်စွမ်းအားတွေ ရရှိလာအောင်... ပြည့်ဝလာအောင် လုပ်ကြရမယ် ဆိုတာကို အသိနှိုးဆော် သတိပေါ်စေဖို့ ...နှစ်သစ်မှာ Hint ပေးလိုက်တာပါတယ်နော....
အားလုံးမှာ ကွာဟနေတာက အခြေအနေလေးတွေပါ....
အခြေကောင်းရင် အနေကောင်းမှာပဲ... အခြေဆိုးရင် အနေဆိုးမှာပဲ...
အခြေက အကြောင်း... အနေက အကျိုးပေါ့...
ထိုအခြေအနေလေးတွေကလည်း အကြောင်းအကျိုးဆက်၍ ဖြစ်နေကြတာလေးတွေပါ....
အကြောင်းကောင်းရင်တော့ အကျိုးကောင်းမှာပေါ့...
အကြောင်းမကောင်းတော့ အကျိုးတော့ ကောင်းမှာမဟုတ်...
အချိန်လေးနဲ့ အကြမ်းဖျင်းတွက်ကြည့်မယ်ဆိုရင်...
ယခုမှာ ဖြစ်နေတာက - လွန်ခဲ့တဲ့ တစ်စက္ကန့်မှ ရှေ့ကာလမှာ ပြုခဲ့သည့် အကြောင်းရဲ့ အကျိုး...
ယခုမှာ ပြုနေတာကတော့ လာမယ့် တစ်စက္ကန့်မှ နောက်ကာလမှ ဖြစ်လာမည့် အကျိုးရဲ့ အကြောင်း...
ဒီတော့ ကောင်းကောင်းလေနေချင်ရင် ကောင်းရာလေးတွေ ရွေးချယ်ပြုရမယ်ဆိုတဲ့ အဖြေက ကွင်းကွင်းကွက်ကွက် ထွက်ပေါ်လို့လာပါတယ်...
Theory အဖြေရပြီဆိုရင် Practical အဖြေထွက်အောင် လုပ်ဖို့ လိုလာပါပြီ။
ဒီတော့ နှစ်သစ်မှာ Practical ဆင်းကြစို့ရယ်နော....
နှစ်သစ်မှာ ကောင်းမွန်မှန်ကန်တဲ့ အသိဥာဏ်သစ်တွေနဲ့ ကောင်းမွန်မှန်ကန်ချမ်းသာ အေးမြတဲ့ အခြေအနေသစ်တွေကို ဖန်တီးနိုင်စွမ်းရှိကြပြီးလျင် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အေးအေးမြမြ နေထိုင်ခွင့်ရကြပါစေ...
ခင်မင်လေးစား ရိုသေစွာဖြင့်
ဝင်းမြင့်၊ မေဟန်
Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay
Designed by: Thitsartayar.com