Main Menu
မူလစာမျက်နှာ
ထေရုပ္ပတ္တိအကျဉ်း
တရားတော်အသံဖိုင်များ
တရားတော်ရုပ်သံဖိုင်များ
ဓမ္မစာအုပ်များ
တရားတော်စာမူများ
တရားတော်မှတ်စုတိုများ
ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
မှတ်တမ်းဓာတ်ပုံများ
ရေးသားမျှဝေမှုများ(ဝင်းမြင့်)
Forum
Hosting Donated By
ကျန်းမာအေးမြကြပါစေ
apymt.com ပေးသော Tag အား အဖြေ
မင်္ဂလာပါ ဓမ္မမိတ်ဆွေများ ခင်ဗျား…
ညီလေး ပြည့်စုံအောင် ပေးသော Tag အား အဖြေ။
(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ..
သူနဲ့ မရှိနေချင်ပါ။ အတူဆိုရင်တော့ သတိနဲ့အတူ ရှိနေချင်ပါတယ်။
(၂) ဘာတွေခံစားနေရမလဲ..
ခံစားတယ်ဆိုတဲ့ စကားလုံးက ကျွန်တော်ပိုင်တဲ့ စကားလုံးမဟုတ်ပါဘူး။ ဝေဒနာပိုင်တဲ့ စကားလုံးလေးပါ။ ဒီတော့ ဘာတွေ ခံစားနေရမလဲဆိုရင် ဆင်းရဲ၊ ချမ်းသာ၊ မဆင်းရဲမချမ်းသာ ပေါ့။
(၃) ဘာတွေပြင်ဆင်ထားမလဲ
မဂ္ဂင်ယဉ်ပြင်ဆင်ထားပါမယ်။
(၄) ၀မ်းနည်းမိမှာက...
မသေခင်မှာ မျိုးစုံသောအကြောင်းတွေနဲ့ ဝမ်းနည်းခဲ့ပါပြီ။ သေခါနီးမှာတော့ ဝမ်းမနည်းချင်တော့ပါဘူး။
(၅) ကြောက်လန့်မိတာက..
မသေခင်မှာ သံသရာ့ဒုက္ခကို ကြောက်လန့်မိခဲ့ပါပြီ။ ဒီအတွက်လည်း အပေါ်မှာ ဖြေခဲ့တဲ့အတိုင်း သူတော်ဆည်းကပ် မြတ်တနားနာ၍ မဂ္ဂင်ယဉ် ပြင်ဆင်ခဲ့ပါတယ်။ မကြောက်လန့်ချင်တော့ပါဘူး။
(၆) ဆောင်ထားချင်တာ..
ဆောင်ထားချင်တာကတော့ သတိတရားပါ။
(၇) ဘာတွေရေးမိမလဲ..
အသိမှန်၊ အကျင့်မှန် ဤနှစ်တန် ချမ်းသာအစစ်မှန်ဖြစ်စေသည်။
(ဂ) တွေးမိတွေးရာ အတွေး..
လူတွေကို ဓမ္မလမ်းကြောင်းပေါ်ရောက်အောင် မိမိကိုယ်တိုင် ဘယ်လို လမ်းပြရမလဲ?
(၉) ဂုဏ်ယူချင်တာက
ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်ရခဲ့တာပါ။
(၁၀) ရှာကြံဖြေသိမ့်မိတာက
ကိလေသာနူနာရောဂါ မပျောက်ကင်းသေးပေမယ့် ပျောက်ကင်းနိုင်တဲ့ဆေးကိုတော့ တွေ့ရပြီမို့ တော်ပါသေးရဲ့။
(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း
ရှေးဘဝများစွာ သံသရာက ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသော တရားတော်ကို မကြားနာ မဆောင်ယူခဲ့၍ ဒုက္ခနဲ့တွေ့ ဒုက္ခချဲ့၍ ဒုက္ခဖြင့်သာ ငါ့မှာ ကျင်လည်ခဲ့ရပြီ။ ယခုဘဝ၌ကား ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ တရားတော်ကို ကြားနာခွင့် အားထုတ်ခွင့်ရ၍ တရားတော်၏ ကျေးဇူးတော်ကြီးမားပုံကို သိမြင်ခွင့်ရခဲ့ပြီ။ ချမ်းသာစစ်မှန် လမ်းကြောင်းမှန်မှာ ငါ့စိတ်ခြေရာ ထင်ခဲ့ပြီ။
အသိမှန်၊ အကျင့်မှန် ဤနှစ်တန် ချမ်းသာအစစ်မှန်ဖြစ်စေ(ပေ)သည်။
လေးစားစွာဖြင့်
ဝင်းမြင့်
Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay
Designed by: Thitsartayar.com