Main Menu
မူလစာမျက်နှာ
ထေရုပ္ပတ္တိအကျဉ်း
တရားတော်အသံဖိုင်များ
တရားတော်ရုပ်သံဖိုင်များ
ဓမ္မစာအုပ်များ
တရားတော်စာမူများ
တရားတော်မှတ်စုတိုများ
ပဋိစ္စသမုပ္ပာဒ် ဉာတပရိညာသင်ခန်းစာ
မှတ်တမ်းဓာတ်ပုံများ
ရေးသားမျှဝေမှုများ(ဝင်းမြင့်)
Forum
Home
Hosting Donated By
ကျန်းမာအေးမြကြပါစေ
မမေနဲ့ ဆွေးနွေးမှု
မင်္ဂလာပါ ဓမ္မမိတ်ဆွေများခင်ဗျား
ဒီနေ့ ဓမ္မမိတ်ဆွေများကို မမေနဲ့ ဆွေးနွေးပြောပြခဲ့တဲ့ အကြောင်းအရာလေးကို ပြန်လည် ရေးသား၍ ဖော်ပြကာ ကျေးဇူးပြုလိုပါတယ်။
အကြောင်းအရာက ဤကဲ့သို့ ဖြစ်ပါတယ်။
ပန်းပျိုးသူသည် ပန်းမျိုးလေးကို ကြည့်ပြီးတော့ကာ - ဤအမျိုး၌ လောကကို အလှဆင်နိုင်တဲ့ အလှတရားနှင့် သင်းပျံ့ရနံ့ဖြာနိုင်တဲ့ မွှေးရနံ့ရှိတာကို သိပါတယ်။ထို ပန်းပျိုးသူသည်ကား ဤသို့ မျှော်တွေးသိမြင်သော အသိဖြင့် မျိုးလေးကို တန်ဖိုးထား၍ ပျိုးလေ့ရှိပါတယ်။ ထိုသို့ ပြုစုပျိုးထောင်ခြင်းဖြင့် လောကကို အလှဆင်နိုင်သော ပန်းလေးတစ်ပွင့်နှင့် ထိုပန်း၏ ရနံ့သည် ဤလောက၌ ထင်ရှားဖြစ်ပေါ်လာခဲ့ရပါတယ်။ ထိုပန်းပျိုးသူသည် ထိုပန်းအား ထာဝရလန်းဆန်းမှုကိုသာ လိုလားဆန္ဒရှိပါတယ်။ ပန်းကလေး နွမ်းကြေပျက်စီးသွားမှာကိုတော့ သူမလိုလားပါဘူး။
ဤသို့ပါပဲ မမေ… မမေရဲ့ မိဘ ကလည်းပဲ ပန်းပျိုးသူနှင့် ပမာတူပါတယ်။ ထိုပန်းပျိုးသူကဲ့သို့ပဲ မမေလို့ အမည်ခေါ်တဲ့ ကိုယ်ဝန်မျိုးလေးရဲ့ ရှေ့ရေးကို မျှော်တွေးမှန်းဆလို့ တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ မမေရဲ့ မိခင်က မမေကို လောကနှင့် တွေ့ဆုံခွင့်ပေးပြီးတော့ကာ လောကမှာ ရှင်သန်ခွင့်ကို ပေးခဲ့ပါတယ်။
ဤသို့ ရှင်သန်ခွင့်ပေးခဲ့သော မိဘတို့၏ အလိုဆန္ဒမှာ အပေါ်က ပြောခဲ့တဲ့ ပန်းပျိုးသူကဲ့သို့သော ဆန္ဒအတိုင်းပါပဲ…
ပန်းပွင့်လေးရဲ့ လှပသော အဆင်းနှင့် လောကကို အလှဆင်သကဲ့သို့ - လှပသော သမီးလေးရဲ့ အပြုံးနဲ့ လောကကို ဆက်ဆံစေလိုတယ်။
ပန်းလေးရဲ့ မွှေးပျံ့သော ရနံ့ဖြင့် လောကကို အကျိုးဆောင်သကဲ့သို့ သူတို့ သမီးရဲ့ ချိုသာ ယဉ်ကျေးသော အသံဖြင့် သူတစ်ပါးအကျိုးကို ရှေ့ရှု ဆောင်ရွက်စေလိုပါတယ်။
ပြီးတော့ ”ပန်းကလေးကို ပန်းပျိုးသူမှာ ထိုပန်းလေးအား ထာဝရလန်းစေလို” ဆိုတဲ့သဘောကို နောက်ဥပမာတစ်ခုဖြင့် ထင်ရှားပြမယ်ဆိုရင် -
မမေတို့ မိဘက မမေကို ပန်းလေးတစ်ပွင့်ကဲ့သို့ သဘောထားပြီးတော့ကာ အပေါ်ကို အာကာလေပင့်ဆောင်၍ လွှင့်တင်လိုက်မယ်ဆိုပါစို့။
ထိုသို့ လွှင့်တင်လိုက်သော ပန်းပွင်းလေးကို ထိုကောင်းကင်၌ ခဏမျှ တည်ရ၍ အောက်သို့ ပြန်ပြုတ်ကျမည်ကို မမေရဲ့ မိဘတို့က လိုလားဆန္ဒရှိကြမှာ မဟုတ်ဘူးလေ။
အားကောင်းသော အာကာလေ၏ တည်တံ့ခိုင်ခံ့သော အထောက်အပံ့ကိုရ၍ အမြှင့်၌သာ ထိုပန်းကလေး မနွမ်းရဘဲ ထာဝရ တည့်တံ့မှုကိုပဲ လိုလားဆန္ဒရှိကြပါတယ်။
ထိုသို့သော သဘောအတိုင်းပါပဲ ဒီသမီးလေးရဲ့ ရှင်သန်မှုကို ကုသိုလ်တည်းဟူသော အာကာလေပင့်ဆောင်၍ အထက်သို့ ဆန်တက်သည်ကိုသာ လိုလားကြ၍ (အားကောင်းသော အရိယာမဂ်) အထောက်အပံ့ဖြင့် ထိုမှ တစ်ဖန် အောက်ပြန်ကျခြင်းမရှိဘဲ အထက်၌ ကောင်းစွာတည်တံ့ခြင်းကိုသာ လိုလားဆန္ဒရှိကြပါတယ်။
နောင်တစ်ဖန် အောက်ပြန်ကျ၍ သံသရာမြေပြင်ပေါ်မှာ အကုသိုလ်ဘီးလူးများ ဖဲ့စားခံ ဒုက္ခတစ်ဖန် ပြန်ရမည်ကိုကား သူတို့များ လိုလားဆန္ဒ လုံးဝရှိကြမည်မဟုတ်ပါ မမေ။
ဒါကြောင့် အခု -
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သာသနာ့အဆုံးအမနဲ့ တွေ့ကြုံခွင့် ဆိုတဲ့ အခွင့်ထူးကို ရခိုက်နှင့်လည်းကြုံ၊
မြတ်ဗုဒ္ဓ ဟောညွှန်ပြသည့် တရားတော်အနှစ်သာရကို ဟောညွှန်ထောက်ပြ ဆုံးမပေးနိုင်သည့် သံဃာတော် အရှင်မြတ်တို့နှင့်လည်း ဆုံခွင့်ရခိုက်ဆိုတဲ့ လွန်စွာရခဲလှသော ကြုံကြိုက်ခွင့်ကို ရခိုက်မှာ -
ဤအခွင့်ထူးတွေရဲ့ အထောက်အပံ့ကို ယူပြီးတော့ကာ မိဘတို့ရဲ့ လိုလားဆန္ဒဖြစ်တဲ့ အောက်သို့တစ်ဖန် ပြန်ပြုတ်(မကျ)ရအောင် အရိယာမဂ်ကို ဆောင်ယူခွင့်ရနိုင်ပါတယ်။
သူတော်ဆည်းကပ်၍ မြတ်တရားကို နေ့ရက်မပြတ် ဆက်၍နာကာ လျော်စွာကျင့်က အမှန်ပင်ရမည်ဖြစ်ပါတယ်။ လျော်စွာကျင့်ကို အတိုမျှ ခင်းပြမယ်ဆိုရင် ( ရိုးသားစိတ်ထား၊ အလိုဇောများ မလောဘဲ၊ ဇွဲမာန်ကို မလျော့၊ သတိကို မပေါ့စေကာ ပေါ်လာအရှိ ၌ အသိဖြင့် အမိဖမ်း သိ၍ ပေါ်သည့်အရာ မမြဲပါတကားဟု ဉာဏ်ဖြင့်သိမြင်ခြင်း၊ မမြဲသည့်အရာ ဆင်းရဲပါတကားဟု ဉာဏ်ဖြင့်သိမြင်ခြင်း၊ ဆင်းရဲသည့်အရာ မိမိအလိုပါ ချမ်းသာ၌ မတည်ပါတကားဟု ဉာဏ်ဖြင့်သိမြင်ခြင်း) ပါပဲ။
ဤသို့မိဘတို့၏ လိုလားဆန္ဒပြည့်ဝအောင်လည်း ကြိုးစား လုပ်ဆောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့-
မိဘတို့၏ လိုလားဆန္ဒသည် မိမိ၏ ချမ်းသာမှုသုခကို ရှေ့ရှုခြင်းက တစ်ကြောင်း၊
မိမိက ဤသို့အားဖြင့် မိဘတို့၏ လိုလားဆန္ဒကို ပြည့်ဝအောင် လုပ်ဆောင်ပေးခြင်းဖြင့် မိဘတို့၏ စိတ်နှလုံးကို ရွှင်လန်းမှုဖြင့် ဝမ်းမြောက်ခွင့်ကို ပေး၍ မိဘတို့အား ချမ်းသာစေခြင်း၊ ပြီးလျင် မိဘတို့အားလည်း ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာသုံးပါး၌ ယုံကြည်အားကိုး တန်ဖိုးထားသည့် သဒ္ဓါတရားကို ကောင်းစွာထင်ရှားဖြစ်စေခြင်းတို့ကို ကျေးဇူးပြုဖြစ်စေပါတယ်။ ထိုသဒ္ဓါတရား ရှေ့သွားပြု၍ သံဃာတော် အရှင်သူမြတ်တို့နား ချည်းကပ်မယ်။ ထိုမှ မြတ်စွာဘုရားရှင်၏ တရားတော်များကို နာကြားခွင့်ရ၍ မိဘတို့၏ ပညာမျက်စိ ထင်ရှားဖြစ်ပေါ်ခွင့်ကို ရပါမယ်။
ဤသို့အားဖြင့် မိသားစုတစ်စုလုံး ကုသိုလ်တည်းဟူသော အာကာလေပင့်ဆောင်၍ အထက်သို့ ဆန်တက်သည်ထက်ဆန်တက်ကာ အားကောင်းသော အာကာလေ မဂ်ကုသိုလ် အထောက်အပံ့ဖြင့် အောက်သို့တစ်ဖန် ပြန်ပြုတ်ကျခြင်းမရှိကာ ထာဝရ ရှင်သန်ခွင့်ရကြသည့် မိသားစုအခြေအနေသို့ ရောက်ကြရပါမယ်။
ဤသို့အားဖြင့် ကုသိုလ်ဓာတ်ဖြင့် ဖွဲ့စည်းထားကြတဲ့ မိသားစု အဖွဲ့အစည်းသည် ဤသို့ လက်တွဲညီညာ ကောင်းစွာသော ကျေးဇူးပြုခြင်းဖြင့် ကျေးဇူးပြုကြ၍ ချမ်းသာမှုသုခဖြင့် တည်တံ့၍ အေးမြကြတယ်။
ပြောင်းပြန်အားဖြင့်ဆိုရင် အကုသိုလ်ဓာတ်ဖြင့် ဖွဲ့စည်းထားကြတဲ့ မိသားစုကတော့ တစ်ယောက်နဲ့ တစ်ယောက် ညီညွတ်ခြင်းမရှိ ဒေါသ မာန်ချဲ့ ရန်ငြိုးဖွဲ့၍ ဆင်းရဲသံသရာ အပယ်ရွာမှာ လွန်စွာ ဆင်းရဲဒုက္ခဖြင့် ပူလောင်ကြရပါတယ်။
ဒါကြောင့် မိဘတို့၏ စိတ်နှလုံးကို ရွှင်ပြုံး တင့်တယ်အောင် မိဘတို့၏ ဆန္ဒကို ပြည့်ဝဖို့ ဆောင်ရွက်ကြပါစို့နော။
လေးစားစွာဖြင့်
ဝင်းမြင့်
(12/10/2009)
Copyright © 2010 Thitsartayar.Com
Donated by: Saydanarshinmalay
Designed by: Thitsartayar.com
ankara oto kiralama
rent a car ankara
araba kiralama ankara